စာရေးသူ

အားလုံးမြင်နိုင်ရန်
Dave Branon

ဒေ့ဘရဲနွန်

ဆရာကြီး ဒေ့ဘရဲနွန် (Dave Branon) ၏ စာမူများကို နှစ်များစွာ ဖတ်ရှုခဲ့ဖူးပါက ဆရာကြီး၏ မိသားစုအကြောင်းနှင့် ဖခင်တစ်ယောက်၊ အဘိုးတစ်ယောက် ဘဝအနေနှင့် ရရှိသောသင်ခန်းစာများကို သင်သိပါလိမ့်မည်။ Sports Spectrum မဂ္ဂဇင်းဌာန၌ အယ်ဒီတာချုပ်အနေဖြင့် အနှစ် (၂၀) လောက်လုပ်ခဲ့ပြီး သူသည် ယခုတွင် Our Daily Bread Publishing ၏ အယ်ဒီတာကြီးတစ်ဦးအနေနှင့် ဆက်ကပ်နေပါသည်။ အလွတ်စာရေးဆရာအနေနှင့် စာအုပ်ပေါင်း ၂၀ ကိုလည်း သူရေးသားခဲ့သည်။ ဆရာကြီးနှင့် ဇနီးသည် ဆရာမ စူး (Sue) တို့သည် စက်ဘီးစီးခြင်း၊ သားသမီးမြေးများနှင့် အချိန်ယူရခြင်းကို နှစ်သက်ပေ၏။ ကျောင်းသားကျောင်းသူများနှင့် နိုင်ငံရပ်ခြားသို့ သာသနာပြုခရီးသွားခြင်းကိုလည်း သူနှစ်သက်သည်။

စာမူ/ အကြောင်းအရာ များ ဒေ့ဘရဲနွန်

လှပနှစ်သက်ဖွယ်ဖြစ်သော

ဆယ်ကျော်သက် မိန်းကလေးနှစ်ဦး၏ ဓာတ်ပုံတွင် ပထမ မိန်းကလေးက ကျန်းမာကြံ့ခိုင် ရွှင်လန်းစွာ ရှိနေပြီး၊ အခြားမိန်းကလေးမှာ မိမိဘာသာ ဘာမျှမလုပ်နိုင်မကိုင်နိုင်ဘဲ လွတ်လပ်ခြင်းအရသာကို မည်သည့်အခါမှမသိနိုင်သော ရောဂါသည်လေးဖြစ်သည်။ သူမ၏ ဘီးတပ်ကုလားထိုင်ပေါ်မှာနေရင်း သာမန်စိတ်ခံစားချက်အမျိုးမျိုး နာကျင်မှု အမျိုးမျိုး၊ ရုန်းကန်ရမှုအမျိုးမျိုးနှင့် ရင်ဆိုင်ခံစားနေရသည်။
သို့သော် သူတို့နှစ်ဦး အတူတွဲရှိနေသည့် အဖော် အဖက်ဖြစ်ခြင်း၏အရသာကို ခံစားရင်း နှစ်ဦးသားရွှင်လန်း ပြုံးရွှင်နေသည်။ တစ်ဦးက အခြားတစ်ဦးအတွင်းရှိသည့် အကျွမ်းဝင်မှု၊ မိတ်ဆွေအဖော်ဖြစ်ပေးခြင်း၏ ရသကို တွေ့မြင်
ခံစားနေသည့် လှပသော မိန်းကလေးနှစ်ဦး ဖြစ်ပါသည်။
နာတာရှည်ရောဂါ ခံစားရသူများ၊ ခန္ဓာမသန်စွမ်းသူများ၊ အကြောင်းအမျိုးမျိုးဖြင့် နှိမ့်ချအပယ်ခံရသူများစသည့်ဖြင့် ဘီးတပ်ကုလားထိုင်ပေါ်မှမိန်းကလေးကဲ့သို့ ဖြစ်နေ ခံစားနေရသည့် လူများအတွက် သခင်ယေရှုအချိန်ပေးသည်။ ၎င်းတို့ကို ဂရုပြုခဲ့သည်။ ထို့ပြင် ဘာသာရေးခေါင်းဆောင်များ နှာခေါင်းရှုံ့ပြစ်တင်စရာ ထိုသို့နှိမ့်ကျခံစားရသူ တစ်ဦးအား သူ့ကို ဆီဖြင့်လိမ်းကျံလောင်းချရန် အခွင့်ပေးခဲ့သည်။ ဝေဖန်ကဲ့ရဲ့သူတို့အား…

ငါတို့ တကယ် မသိတာပါ

ဒေသခံဘုရားကျောင်းမှ စေတနာ့ဝန်ထမ်းများသည် အေးချမ်းသောညနေခင်းတစ်ခုတွင် ၀င်ငွေနည်းပါးသူများ၏အိမ်သို့သွားပြီး အစာအာဟာရများ ဝေငှပေးကမ်းခဲ့ကြသည်။ အစားအသောက်များ ရရှိသောအမျိုးသမီးတစ်ဦးသည် အလွန်ဝမ်းမြောက်လျက် ဘာစားစရာမှ မရှိသည့် ကြောင်အိမ်ကိုပြပြီး သူတို့သည် သူမဆုတောင်းချက်၏အဖြေပင် ဖြစ်ကြောင်း ပြောခဲ့သည်။
စေတနာ့ဝန်ထမ်းများ ဘုရားကျောင်းပြန်ရောက်လာ ကြသောအခါ အမျိုးသမီးတစ်ဦးမှာ ငိုချင်းချပါတော့သည်။ သူမက "အဲ့ဒီအမျိုးသမီးကြီးက ကျွန်မကလေးအရွယ်တုန်းက ကျွန်မရဲ့ ဆန်းဒေးစကူးလ်ဆရာမပါ။ တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းမှာ တွေ့နေတာပဲ။ သူ အခုလိုငတ်မွတ်နေမယ် ဆိုတာ တကယ်မသိခဲ့ဘူး" ဟု ပြောပြသည်။
ဂလာတိ ၆း၂ မှာ ရှင်ပေါလု နှိုးဆော်သည့်အတိုင်း ဤ လူများသည် အချင်းချင်းထမ်းရွက်စရာဝန်များကို ကူညီရန် နည်းလမ်းရှာဖွေသူများဖြစ်ကြောင်း ရှင်းလင်းစွာတွေ့ရသည်။ သို့သော် တနင်္ဂနွေ နေ့တိုင်း သူတို့တွေ့နေရသူ၊ မိမိလိုအပ်မှုကို မဖွင့်ဟခဲ့သည့် အမျိုးသမီးတစ်ယောက်ကိုဖြင့် သူတို့ သတိမမူမိခဲ့ကြပါ။   ကျွန်ုပ်တို့အနီးရှိလူများနှင့် ၎င်းတို့၏လိုအပ်ချက်များကို သတိပြုမိ စေရန် အထက်ပါအဖြစ်က…

မည်သည့်အခါမှ မကုန်ခမ်းပါ

အငြိမ်းစားယူတော့မည့် မိတ်ဆွေတစ်ဦးအား သူ၏နောက်ပိုင်းဘ၀အခြေအနေနှင့် စပ်လျဉ်း၍ မည်သည့် ပူပန်စိုးကြောက်စရာရှိသနည်းဟု မေးကြည့်ရာ ‘‘ကျွန်မငွေတွေ မပြတ်သွားဖို့ ဒီအချက်ကို သေချာအောင် လုပ်ထားချင်တယ်’’ ဟုဖြေသည်။ နောက်တစ်နေ့ ကျွန်တော်၏ငွေကြေးအတိုင်ပင်ခံနှင့်တွေ့ဆုံရာ၌လည်း သူက ငွေမကုန် အောင်၊ ငွေကုန်စရာကိစ္စများ ရှောင်ရှားနိုင်မည့် လမ်းညွှန် အကြံဉာဏ်များ ပေးသည်။ မှန်ပါသည်။ ကျွန်ုပ်တို့သည် ဘ၀ သက်ဆုံးတိုင် လိုအပ်မည့် ငွေကြေးများ လုံလောက်စွာရှိပြီး လုံခြုံစိတ်ချစွာဖြင့် မကြောင့်မကြ နေချင်ကြသည်။
သို့သော် လောကဘ၀အသက်တာ လုံခြုံစိတ်ချရ အောင် မည်သည့်ငွေကြေးအစီအမံကမျှ အာမ မခံနိုင်ပါ။ သို့သော် ယခုဘ၀သာမက နောင်ဘ၀ထိတိုင် စိတ်ချရသည့် အစီအမံရှိသည်။ တမန်တော်ရှင်ပေတရုက ‘‘... ဖောက်ပြန် ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်းနှင့် ကင်းစင်သော အမွေတော်ကို ငါတို့သည် ခံရစေမည်အကြောင်း ယေရှု ခရစ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူသောအားဖြင့် အသက်ရှင်ခြင်းနှင့်ဆိုင်သော…

အယ်ဗီ၏ဆုံးဖြတ်ချက်

ဂျမေကာရှိ မတူညီသောယဉ်ကျေးမှုနှင့် မတူညီသောမျိုးဆက်များသို့ ဘုရားသခင်၏ မေတ္တာအကြောင်း သွားရောက် သက်သေခံကာ သီချင်းဆိုဝေငှခဲ့သော အမေရိကန် အထက်တန်းကျောင်း သံစုံအဖွဲ့မှ ဆယ်ကျော်သက် ၂၅ ဦးတွင် အယ်ဗီ သည် တစ်ဦး အပါအ၀င် ဖြစ်သည်။ အယ်ဗီအတွက် ထိုခရီးစဉ်ထဲမှ တစ်ရက်က အထူးအမှတ်ရစရာနှင့် ပျော်ရွှင်စရာ ဖြစ်ခဲ့သည်။
ထိုနေ့တွင် ၎င်းတို့အဖွဲ့သည် ဘိုးဘွားရိပ်သာတစ်ခု သို့ သီချင်းဆိုရန် သွားရောက်ခဲ့သည်။ သီချင်းဆိုပြီးနောက် အယ်ဗီ သည် အသက်သုံးဆယ်ဝန်းကျင်ရှိ အမျိုးသမီး တစ်ဦး၏ဘေးတွင် ထိုင်လိုက်သည်။ သူတို့ စကားစမြည် ပြောကြပြီးနောက် သခင်ယေရှုမည်သူဖြစ်သည်၊ ဘာပြုပေး ခဲ့သည် စသည်ဖြင့် သခင်ယေရှုအကြောင်းကို သူမအား ပြောပြရန် အယ်ဗီ ခံစားရသည်။ ကယ်တင်ခြင်းအကြောင်း ရှင်းပြထားသော သမ္မာကျမ်းစာမှ ကျမ်းချက်များကို သူမအား  ပြသခဲ့သည်။ မကြာမီ ထိုအမျိုးသမီးက သခင်ယေရှုကို ကယ်တင်ရှင်အဖြစ်…

ဘုရားသခင် စကားပြောသည်

မကြာသေးမီက ကျွန်တော့်သားမက်က မြေးမလေး မက်ဂီ အား ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် စကားပြောနိုင်ပြီး ထိုအရာအားဖြင့် ဘုရားက ကျွန်ုပ်တို့နှင့် ဆက်သွယ် နေကြောင်း ရှင်းပြသည်။ ဘုရားသည် နှုတ်ကပတ်တော်အားဖြင့် ကျွန်ုပ်တို့ကို စကားပြောကြောင်း Ewing က ပြောသောအခါ သူမက တုံ့ဆိုင်းမှုမရှိဘဲ ‘‘ဒါဆို ဘုရားက သမီးကို တစ်ခါမှ စကားမပြောဘူး၊ စကားပြောသံလဲ တစ်ခါမှ မကြားဖူးဘူး’’ ဟု ပြန်ပြောသည်။
အများစုက မက်ဂီ စကားကို ထောက်ခံကောင်း ထောက်ခံပါလိမ့်မည်။ “သင့်အိမ်ကိုရောင်းပြီး ရပ်ဝေးရှိ မိဘမဲ့များကို သွားပြုစုပါ” ဟု နားနှင့်ဆက်ဆက် ကြားရသည့်
အသံမျိုးမှသာ ဘုရားရှင် ကျွန်ုပ်တို့ကို စကားပြောသည်ဟု အဓိပ္ပာယ် ဖွင့်ဆိုကြပါမည်။ သို့သော် ဘုရားသခင်၏ အသံတော်ကို ကြားခြင်းဆိုရာ၌  အခြားသောအဓိပ္ပာယ်ကို  ဆိုလိုသည်။
ဘုရားသခင်၏အသံတော်ကို နှုတ်ကပတ်တော် ဖတ်ရှုခြင်းအားဖြင့်…

သင့်ကို မည်သူစောင့်ကြည့်နေသနည်း

၂၀၁၆ ခုနှစ် အိုလံပစ်ပွဲ ဆင်နွှဲကြမည့် အားကစားသမားများအနေဖြင့်  ရီယိုဒီဂျဲနရို မြို့တော်၏ မည်သည့်နေရာသို့သွားသွား သူတို့ သခင်ယေရှုကို တွေ့နိုင်သည်။ ဘရာဇီး နိုင်ငံမြို့တော်၏အထက် အမြင့်ပေ ၂၃၁၀ ရှိသည့် ကော်ကိုဗာဒို တောင်ပေါ်တွင် အမြင့်ပေ ၁၀၀ ရှိသော Cristo Redentor (ခရစ်တော် - ရွေးနှုတ်ကယ်တင်ရှင်)   ကျောက်ဆစ်ရုပ်ကြီး တည်ရှိသည်။ လက်နှစ်ဘက်ကို ဆန့်တန်းထားသည့် ဤကြီးမားသည့် ရုပ်တုကို နေ့ရော၊ ညပါ နေရာတိုင်းမှ မြင်နိုင်သည်။
ဤအထင်ကရ ထယ်ဝါတင့်တယ်သော ရုပ်တုကြီးက ကြည့်မြင်သောသူများအား နှစ်သိမ့်မှုပေးသကဲ့သို့ သခင် ယေရှုသည်  ကျွန်ုပ်တို့ကို အမှန်ကြည့်နေကြောင်း သစ္စာ တရားက သာ၍ ကြီးစွာသောနှစ်သိမ့်သက်သာရာကို ဖြစ်စေသည်။ ဆာလံ ၃၄ တွင်
ဒါဝိဒ် ဤသို့ ရှင်းပြထားသည်။ “ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ၏၊ သူတို့အော်ဟစ်သံကိုလည်း…

အဆင်ပြေလွယ်ကူသောလမ်းလား

ဘ၀ခရီးလမ်းက ရံဖန်ရံခါ ခက်ခဲကြမ်းတမ်းတတ်သည်။ သို့ဖြစ်၍ ဘုရားသခင်သည် ကျွန်ုပ်တို့အား အဆင်ပြေချောမွေ့သောလမ်းသို့ အစဉ်ပို့ဆောင်မည် မျှော်လင့်ထားပါက ခရီးလမ်းကြမ်းလာလျှင် ကိုယ်တော့်ထံမှ လှည့်ပြန်ရန် သွေးဆောင်ခြင်းခံရပေမည်။
ထိုသို့ ဘုရားရှင်ထံမှ လှည့်ထွက်သွားရန် ကြံစည်မိသည်ဆိုပါက ဣသရေလ လူတို့အကြောင်းကို စဉ်းစားဆင်ခြင်လိုက်ပါ။ နှစ်ပေါင်း ရာနှင့်ချီပြီး အဲဂုတ္တုပြည်၌ ကျွန်ပြုခံရပြီးနောက် လွတ်မြောက်ခွင့်ရလာချိန်တွင် ကတိထားရာပြည်သို့ ရှေ့ရှု
ထွက်ခွာလာသည်။ ဘုရားသခင်သည် သူတို့ကို အိမ်သို့ တန်းတန်းမတ်မတ် မပို့ဆောင်ပါ။ ‘‘ဖိလိတ္တိပြည်ကို လျှောက်သောလမ်းသည် ဖြောင့်သော်လည်း ထိုလမ်းဖြင့် ဘုရားသခင် ဆောင်တော်မမူ’’ (ထွက် ၁၃း၁၇)။ ယင်းအစား သူတို့အား ကန္တာရကိုဖြတ်စေပြီး ခက်ခဲသောလမ်းဖြင့် ပို့ဆောင်ခဲ့သည်။ လတ်တလောတွင် ၎င်းတို့သည် တိုက်ပွဲ များကို ရှောင်ရှားနိုင်ခဲ့ပြီး (း၁၇)၊ ရေရှည်အတွက်မူ သာ၍ ကြီးမြတ်သော အမှုတော်ရှိနေပါသည်။
ဘုရားသခင်သည် သူ့နောက်တော်လိုက်ရန် ရွေးနှုတ်
ခေါ်တော်မူသောသူတို့…

စကားစမြည် ပြောကြမယ်

ကျွန်တော် ကလေးအရွယ်က အိုဟိုင်းအိုး မှ အမေဘက်မှ အဘိုးအဘွားများရှိရာ အနောက် ဗာဂျီးနီးယားသို့   တစ်လတစ်ခါ သွားလည်ခဲ့သည်။ သူတို့လယ်တောရှိ အိမ်ရှေ့ တံခါးဝသို့ ရောက်တိုင်း အဘွား လက်စတာ က ‘‘လာ၊ အိမ်ထဲဝင်။  ထိုင်ပြီး စကားဖောင်ဖွဲ့
ကြတာပေါ့’’ ဟူ၍ အမြဲနှုတ်ဆက်ပါသည်။ ၎င်းသည် ကျွန်တော်တို့ သက်သောင့်သက်သာ နေပြီး၊ နားနားနေနေနှင့် စကားစမြည်ပြောရန် ဘွားဘွား၏ လက်သုံးစကား ဖြစ်သည်။
ဘ၀သည် အမြဲတစေ အလုပ်ရှုပ်နေတတ်ပါသည်။
ပျားပန်းခတ် လှုပ်ရှားနေသည့် လောကကြီး၌   တစ်ယောက် အကြောင်း တစ်ယောက်သိအောင် မိတ်ဆက် စကားစမြည် ပြောရန် ခက်ချေပြီ။  အေးအေးလူလူ ထိုင်ပြီး စကားပြောရန် အချိန်ရှာမရပါ။ ယင်းအစား စာပို့ပြီး အကြောင်းကြားခြင်းက အလုပ်ပိုတွင်စေသလို ဆိုလိုရင်းကိုလည်း တည့်တည့်မတ်မတ် သိစေပါသည်။
သို့သော် အခွန်ခံတစ်ယောက်၏အသက်တာကို တစ်မူထူးခြားသွားအောင်…

အမည်နာမဖြင့် ခေါ်ခြင်း

ကျွန်တော်သင်ရသည့် ကောလိပ်အတန်းတစ်ခု၌ ကျောင်းသားအသစ်များကို ပထဦးဆုံး မြင်သည်နှင့် သူတို့၏နာမည်များကို ကျွန်တော်သိပြီးဖြစ်နေပါသည်။ ကျွန်တော်က သူတို့၏နာမည်နှင့်ဓာတ်ပုံကို ရင်းနှီးအောင် အချိန်ယူခဲ့သောကြောင့် ၎င်းတို့ အတန်းထဲ ၀င်လာလျှင် ‘‘မင်္ဂလာပါ ဂျက်ဆီကာ’’၊ ‘‘ကြိုဆိုပါတယ် ထရီဘာ’’ စသည်ဖြင့် ပြောနိုင်သည်။ ကျွန်တော် ဤကဲ့သို့လုပ်ရခြင်းမှာ လူတစ်စုံ တစ်ယောက်၏နာမည်ကိုသိပြီး ခေါ်ခြင်းသည် မည်မျှ အဓိပ္ပာယ်ရှိသည်ကို သိသောကြောင့် ဖြစ်သည်။
သို့သော်လည်း တစ်စုံတစ်ယောက်အား စစ်မှန်စွာ
သိနိုင်ရန် ထိုသူ၏နာမည်မျှမက သူ့အကြောင်း ပိုသိရန်
လိုအပ်သည်။ ယော ၁၀ ၌ ‘‘ (ယေရှု)သည် မိမိသိုးတို့ကို နာမည်ဖြင့်ခေါ်’’ကြောင်း (း၃) ဖတ်ရှုရခြင်းဖြင့် ကျွန်ုပ်တို့အတွက် ကောင်းသော သိုးထိန်း ဖြစ်တော်မူသော သခင်ယေရှု၏နွေးထွေးမှုနှင့် ဂရုပြုတော်မူခြင်းကို ခံစားရသည်။ သခင်သည် ကျွန်ုပ်တို့၏နာမည်ထက်မက ကျွန်ုပ်တို့ကို ပိုပြီးသိသည်။ သူက ကျွန်ုပ်တို့ အတွေး၊…

မာရသွန်ကျမ်းစာဖတ်ခြင်း

ဘီစီ ၄၄၄ ခုနှစ်၊ ၇ လပိုင်း၊ ပထမရက်၊ နေထွက်သည်နှင့် ဧဇရသည် (သမ္မာကျမ်းစာမှ ပထမ
၅ ကျမ်းဖြစ်သော) မောရှေ၏ ပညတ္တိကျမ်းကို စတင်ပြီး ဖတ်တော့သည်။ ယေရုရှလင်မြို့ ၏တရားဟောပလ္လင်၌ရပ်လျက် ဆက်တိုက် ခြောက်နာရီလုံး တောက်လျှောက် ဖတ်သွား သည်။
အမျိုးသား၊ အမျိုးသမီး၊ ကလေးများသည် ရေတံခါး ၌ စုရုံးရောက်ရှိနေကြပြီး   ဘုရားသခင်က ပြဌာန်း သတ်မှတ် ပေးထားသော တံပိုးမှုတ်ပွဲ ကျင်းပဆင်နွှဲနေခြင်းဖြစ်သည်။ နားထောင်နေကြသောပရိသတ်ထံမှ တုံ့ပြန်မှုလေးခု ထွက် လာသည်။
ပညတ်တ္တိကျမ်းကို ကြည်ညိုလေးစားသမှုဖြင့် သူတို့ မတ်တပ်ရပ်ကြသည် (နေ ၈း၅)။ လက်များ မြှောက်လျက် ဘုရားသခင်အား ချီးမွမ်းကြသည်။ ‘‘အာမင်’’ ဟု ၀န်ခံပြောဆိုကြသည်။ နှိမ့်ချခြင်းဖြင့် ပြပ်ဝပ်ကိုးကွယ် ကြသည်(း၆)။ ဖတ်ကြားသော နှုတ်ကပတ်တော်နှင့် အဓိပ္ပာယ် ရှင်းလင်းချက်များကို သေချာစွာ…